Date : 02 September 2022
ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ ရှမ်းရွာကြီးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေကျပ်သိန်း ၅၀၀ စုစုပေါင်း ငွေကျပ် ၆၀၀သိန်းဖြင့် ရှမ်းရွာကြီးကျေးရွာတွင် အရှည် ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၏ ရာနှုန်းပြည့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို လုပ်ငန်း ဆောင်ရွက်သည့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ရှမ်းရွာကြီးကျေးရွာရှိ အိမ်ခြေ ၈၇၉အိမ်နှင့် လူဦးရေ ၂၆၆၆ဦးတို့၏ လမ်းပန်ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပြီး စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးများအတွက် များစွာအထောက်အကူပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။