ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနည်းသင်တန်း နှင့် AVIP သင်တန်းဖွင့်လှစ်ခြင်း

Date : 30 August 2022

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာမှ သင်တန်းသား(၁၀)ဦးအား ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းကို ကျောက်ဖြူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ အစည်းအဝေးခန်းမ၌ ဩဂုတ်လ (၂၉)ရက်မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ခဲ့ပါသည်။