ဇေယျာသီရိမြို့နယ်၊ ရှမ်းရွာ အုတ်စီရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း
Date : 29 August 2022
နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ တိုင်ဦးစီးမှူး၊ တိုင်းအင်ဂျင်နီယာမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး ၊ မြို့နယ်စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၆.၈.၂၀၂၂)ရက်နေ့တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ကွပ်ကဲမှုအောက်ရှိ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ရွာတွင်းအုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။