Date : 12 September 2022
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်း
ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ခွင့်ပြုငွေကျပ်သိန်း ၁၀၀ ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသော ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အင်းဝိုင်း ကျေးရွာအုပ်စု၊ ဘူတာစုကျေးရွာ ရွာတွင်းလမ်း အုတ်စီမြေကာနံရံတည်ဆောက်ခြင်းနှင့် (၆၄’x’၆'x၆”) ကွန်ကရစ်လမ်းခင်းခြင်း (၄၅၀’x’၃'x၈”) လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်း စစ်ဆေး ကြောင်းသိရသည်။