ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

Date : 23 August 2022

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူ ဦးမျိုးအောင်နှင့်   တာဝန်ရှိသူများသည်ပြည်ခရိုင်အတွင်း မြို့နယ် များရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ​များကို ဩဂုတ် ၂၂ရက် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း(VDP)ကို ခွင့်ပြုငွေကျပ်သိန်း၁၀၀ဖြင့်ဆောင်ရွက်နေသောပြည်မြို့နယ် ချောင်းခြားကျေးရွာ ၌ အရှည် ၃၀၀၀ပေ၊အကျယ် ၁၂ပေ၊ထု ၉လက်မရှိသော ရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ ပန်းတောင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာ၌ အရှည် ၄၈၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိ သောကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအားလည်း ကောင်း၊ ရွှေတောင်မြို့နယ် ရှင်ငယ်ရွာဟောင်းကျေးရွာ၌ အရှည် ၇၀၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသော ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား လည်ကောင်း ကြည့်ရှုစစ်ဆေး ကြောင်းသိရသည်။