Date : 23 August 2022
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ဩဂုတ် ၂၁ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း(VDP)ကို ခွင့်ပြုငွေကျပ်သိန်း၁၀၀ဖြင့်ဆောင်ရွက်နေသောလက်ပံတန်းမြို့နယ် အလယ်စုကျေးရွာ ၌ အရှည် ၂၇၀၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသော ရွာတွင်းလမ်း ဂဝံမြေနီခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ အုတ်ဖိုမြို့နယ် ဇီးပင်ကွင်းကျေးရွာ၌ အရှည် ၂၆၇၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိ သောကျေးရွာတွင်လမ်းဂဝံခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ကြို့ပင်ကောက်မြို့နယ်ပန်းတင်ကျေးရွာအရှည် ၄၃၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသော ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား လည်ကောင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။