ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း(ညွှန်ကြားရေးမှူး)မှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

Date : 05 August 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဖာလင်ကျေးရွာအုပ်စု၊ စင်ကျိုင်း(အောက်)ကျေးရွာတွင် (၄၅၀’x၁၂’x၆”)အရှည် ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဖတ်ဟာကျေးရွာအုပ်စု၊ လောင်ကျိုင်းကျေးရွာတွင် (၂၁၀၀’x၂၀’x၉”)အရှည် ကျေးရွာအဝင်လမ်းချဲ့ခြင်းလုပ်ငန်းနှင့် ဗြုန်းခင်းခြင်းလုပ်ငန်းတို့ကို VDPကျေးရွာကော်မတီများနှင့် ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာသို့ ပြည်နယ်ဦးစီးမှူး၊ ဦးစောမြင့်ထွန်း၊ ခရိုင်ဦးစီးမှူး၊ ဦးတင်မောင်စိုး၊ မြို့နယ်ဦးစီးမှူး၊ ဦးသိုက်စိုးနှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။