စဉ့်ကူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာရွေးချယ်
Date : 06 October 2022
စဉ့်ကူး အောက်တိုဘာ ၅ (ရတနာပုံ)
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ခြင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စည့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသော်တာထွန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်အောင်စိုးက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကို ကျေးရွာ (၄) ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ (၁) ရွာတို့တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်သည့်အခါ ကျေးရွာသူ၊ ကျေးရွာသားများ၏ စီမံကိန်းလုပ်ငန်းများအပေါ် စိတ်အားထက်သန်မှုရှိသောကျေးရွာ၊ စည်းလုံးညီညွတ်မှုရှိသောကျေးရွာ၊ တက်ကြွစွာဆောင်ရွက်လိုမှုရှိသောကျေးရွာနှင့် အကျိုးခံစားခွင့်အိမ်ထောင်စုများသောကျေးရွာများကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များက စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရန် သတ်မှန်စံနှုန်းများနှင့်ကိုက်ညီသော ရွာသစ်ကလေး၊ ကြာဥယျာဉ်ကျွန်း၊ တောင်ကိုင်း(တ)နှင့် ထုံးကြီးကျေးရွာတို့ကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီသော တောင်ကိုင်း(မ)ကျေးရွာကိုလည်းကောင်း ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဦး