ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပြင်ဦးလွင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း

Date : 08 October 2022

ပြင်ဦးလွင် နိုဝင်ဘာ ၈ (MRTV ရုပ်/သံ)

                 ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ Mini Budget အတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာ (၆) ရွာ၌ (၁) ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် သိန်း (၁၀၀)၊ စုစုပေါင်းငွေကျပ် သိန်း (၆၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလ (၆) ရက်နေ့၊ နံနက်ပိုင်းတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် AVIP လုပ်ငန်းရွေးချယ်ခြင်းများကို ကုန်းသာကြီးကျေးရွာ၊ သပြေရေကျေးရွာနှင့် ရေသရောက်ကုန်းကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၃) ရွာတို့တွင် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြပါသည်။

                 အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သဘောသဘာဝ၊ ရည်ရွယ်ချက်၊ မူဝါဒ၊ လိုက်နာရမည့်စည်းကမ်းချက်များ စသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ပြောကြားခဲ့ပြီး ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းအတည်ပြုခဲ့ကြပါသည်။

                 ထို့နောက် တက်ရောက်လာသော ဒေသခံကျေးရွာပြည်သူများနှင့်အတူ AVIP လုပ်ငန်းရွေးချယ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကုန်းသာကြီးကျေးရွာ၊ သပြေရေကျေးရွာနှင့် ရေသရောက်ကုန်းကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၃) ရွာတို့၌ ရွာတွင်းလမ်းကတ္တရာခင်းခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပထမဦးစားပေးလုပ်ငန်းများအဖြစ် ရွေးချယ်ကြကြောင်း သိရပါသည်။

မင်းမြင့်မိုရ်