ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ

Date : 03 May 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုလာရေတင်လုပ်ငန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်းစီမံကိန်း(SMART Village)၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို (၂၈-၄-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဇော်ဝင်းက ဆိုလာရေတင်လုပ်ငန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း(SMART Village)၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၊ စီမံကိန်း စံပြကျေးရွာများ ရွေးချယ်ရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြကျေးရွာ ပထမဆုရရှိသာ ပင်လောင်းကြီး(အရှေ့)ကျေးရွာကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ‌ဒေသ ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက လည်းကောင်း၊ ဒုတိယုရရှိသော ပေါ့ယားလယ်ကြားကျေးရွာကို ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းက လည်းကောင်း၊ တတိယဆုရရှိသော  နန်းချဉ်(မြောက်)ကျေးရွာ ကို ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက လည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စီမံကိန်းကျေးရွာအသီးသီးမှ ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊ အားနည်းချက်များ၊ အသားချက်များ၊ အကြံပြုချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးကိစ္စများ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ